IME INTERNATIONAL CO., LTD, SUB BRANCH OPENING CEREMONY AT MAGWAY (မကွေးရုံးခွဲ ဖွင့်လှစ်ခြင်းအခမ်းအနား)

NEWS
IME International-> Sub Branch opening ceremony at Magway

နောက်ဆုံးရသတင်းများ

IME Holdings Group

12 June 2017

IME INTERNATIONAL CO., LTD (မကွေးရုံးခွဲ ဖွင့်လှစ်ခြင်းအခမ်းအနား)

IME Holdings မိသားစုဝင် IME International Co.,Ltd ရဲ့ မကွေးရုံးခွဲဖွင့်ပွဲကို ၁၀.၀၆.၂၀၁၇ (စနေနေ့) မှာ ကျင်းပခဲ့ပါသည်။ဖွင့်ပွဲတွင် IME International မှ တင်သွင်းရောင်းချသော စွမ်းရည်မြင့် YTO အမှတ်တံဆိပ် ထွန်စက်များ အကြောင်း ရှင်းလင်း သရုပ်ပြခဲ့ပြီး ဖိတ်ကြားထားသော တောင်သူဉီးကြီး ၂၀၀ ခန့်တက်ရောက်ခဲ့ပါသည်။မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးဇူးရှင် တောင်သူဉီးကြီးများအနေဖြင့် IME International Co.,Ltd ရဲ့ မကွေးရုံးခွဲမှာ ကုမ္ပဏီက တရားဝင်ကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေသော စွမ်းရည်မြင့် YTO အမှတ်တံဆိပ်ထွန်စက်များကို ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။ထို့ပြင် အခြားအမှတ်တံဆိပ် ထွန်၊ထယ်၊ရိုတာ နှင့် ဂေါ်များကို ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ပါသည်။အပိုပစ္စည်းများကိုလည်း လုံလောက်စွာ ထားရှိထားပြီး အပိုပစ္စည်းဈေးနှုန်းကိုလည်း ချိုသာအောင်လုပ်ဆောင်ထားပါသည်။ပြင်ဆင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုနှင့် ပတ်သတ်၍လည်း ကျွမ်းကျင်ဝန်ထမ်းများမှ လိုအပ်ချိန်တိုင်း ဝန်ဆောင်မှုပေးနိုင်ရန် အသင့်ရှိမှာဖြစ်ပါသည်။(3S ဝန်ဆောင်မှု -Sales,Service ,Spare Parts)။လယ်ယာစိုက်ပျိုးရေးဟာ ကျွန်တော်တို့ နိုင်ငံ GDP ရဲ့ ၃၇% ခန့်ရှိတာကြောင့် အရေးကြီးလှတဲ့ စီးပွားရေးကတစ်ခုဖြစ်ပါသည်။စက်မှုလယ်ယာခေတ် ကို တိုးတက်ကူးပြောင်းနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကကို စွမ်းရည်မြင့်လယ်ယာသုံးစက်ပစ္စည်းများတင်သွင်းပြီး ကျေးဇူးရှင်တောင်သူဉီးကြီးများထံဈေးနှုန်းမှန်မှန်၊ ဝန်ဆောင်မှုကောင်းကောင်းဖြင့် အရောက်ပို့ဆောင်ရောင်းချပေးပြီး တစ်ဖက်တစ်လမ်းမှ ကူညီခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျား….

မကွေးရုံးခွဲ

အမှတ်(၅၀),မြို့ပတ်လမ်းနှင့်(၁၇)လမ်းထောင့်၊အောင်ရတနာရပ်ကွက်၊မကွေးမြို့။