ကုမ္ပဏီတည်ထောင်သူ၏ အမှာစကား

ကုမ္ပဏီအကြောင်း
ကုမ္ပဏီတည်ထောင်သူ၏ အမှာစကား

Zaw Myint Htoo

Founder, Group CEO

ကုမ္ပဏီတည်ထောင်သူ၏ အမှာစကား

ကျွန်ုပ်တို့ ကုမ္ပဏီ၏ သမိုင်းနှင့် တိုးတက်ဖွံ့ဖြိုးလာမှုတို့သည် မြန်မာနိုင်ငံ၏ တိုးတက်မှုအလားအလာကို ထင်ဟပ်ပြနေခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏လုပ်ငန်းများကို ၂၀၁၁ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ထိုအချိန်၌ ကျွန်ုပ်တို့သည် ကုမ္ပဏီအသေးလေးတစ်ခုသာဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ ရည်ရွယ်ချက် နှင့်အညီ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်ခဲ့သည်။

ယခုအခါတွင် IME Groupသည် ဆောက်လုပ်ရေးလုပ်ငန်းအိမ်၊ခြံ၊မြေလုပ်ငန်းကုန်သွယ်ခြင်းနှင့် ဖြန့်ဖြူးခြင်းlifestyleasset management နှင့် portfolio investments စသည့်များစွာသော စီးပွားရေးကဏ္ဍများတွင်လည်ပတ်နေသည့် ပုဂ္ဂလိကပိုင်လုပ်ငန်းစုကြီးဖြစ်သည်။ ကျွန်ုပ်တို့၏ value chain သည် ကုမ္ပဏီ၏ အနာဂတ်ကို တည်ဆောက်နိုင်စွမ်းနှင့် ကုမ္ပဏီ၏ ခံနိုင်ရည်ရှိမှုတို့အပေါ် အထောက်အကူပြုပြီး စီးပွားရေးစက်ဝန်းနှင့် ကိုင်တွယ်ဖြေရှင်းနိုင်ရန်လည်း ကူညီပါသည်။ IME Group အတွက်ဆိုလျှင် ကျွန်ုပ်တို့၏ အနာဂတ်သည် ကျွန်ုပ်တို့၏ vision ကိုရောက်ရှိစေနိုင်မည့် အရည်အသွေးပေါ်တွင် မှီခိုနေသည်။ ကျွန်ုပ်တို့ကုမ္ပဏီအနေဖြင့် အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်များကို ဖန်တီးနိုင်ရန် ရည်ရွယ်သည်။ ထိုသို့ရည်ရွယ်ခြင်းသည် ကျွန်ုပ်တို့အတွက် မည်သည့်အရာများ ယူဆောင်လာနိုင်သနည်း။

ယနေ့ခေတ်တွင် မြန်မာပြည်သူပြည်သားတို့သည် ၎င်းတို့၏ နေ့စဥ်ဘဝများကို ပိုမိုကောင်းမွန်လာစေမည့် စိတ်ချယုံကြည်ရသော ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ နှင့် ကောင်းမွန်သည့် အိမ်ရာ စသည်ဖြင့် မိမိတို့၏ လူနေမှုဘဝများကို မြှင့်တင်စေနိုင်ရန် အထူးစိတ်အားထက်သန်လာကြသည်။ မြန်မာနိုင်ငံ၏ များပြားလာသော လူလတ်တန်းစားများအတွက် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးကိုလျော့ကျစေခြင်းမရှိဘဲ လက်လှမ်းမီဝယ်ယူသုံးစွဲနိုင်စေရန် ကျွန်ုပ်တို့ IME Group အနေဖြင့် ကြိုးစားလျှက်ရှိပါသည်။ ထိုသို့ ဝန်ဆောင်မှုပေးနိုင်ရန် ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ ဦးတည်ချက်နှင့် ကိုက်ညီသော စီးပွားရေးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များနှင့်သာ လက်တွဲလုပ်ကိုင်ပြီး ကုမ္ပဏီဝန်ထမ်းများ၏ အလုပ်အပေါ်တွင် ကိုယ်နှင့်စိတ် နှစ်မြုပ်နိုင်မှုနှင့် ကုမ္ပဏီ၏အစုရှယ်ယာဝင်များအပေါ်တွင်လည်း ကုမ္ပဏီအနေဖြင့် မှီခိုရပ်တည်နေပါသည်။ ထိုသူတို့၏ ယုံကြည်မှုသာမရှိပါက IME Group အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ထပ်မံတိုးချဲ့နိုင်မည်မဟုတ်သလို ရှေ့သို့ ဆက်၍ ရှင်သန်နိုင်မည်လည်း မဟုတ်ပေ။

ကွန်တော်တို့ IME Group အနေဖြင့် ယခုအချိန်တွင် ခိုင်မာသော ရလဒ်များရရှိနေပြီဖြစ်သည်။ ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို လွန်စွာ ကျေနပ်အားရသော clients ပေါင်း ၂၆,၀၀၀ကျော်ကို ကုမ္ပဏီ၏ ဝန်ထမ်း ၆၅၀ ကျော်မှ ယခင်နှစ်အတွင်း ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ကျွန်ုပ်တို့ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် လုပ်ကိုင်နိုင်စွမ်းများတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာငွေကျပ် ၃၅သန်း ကျော်ကို သင်တန်းများပို့ချရန်အတွက် အသုံးပြုခဲ့သည်။ ကုမ္ပဏီဝန်ထမ်းများ၏ ၅၃% ပါဝင်သည့် ကျေနပ်အားရမှုစစ်တမ်းတစ်ခုကို မတ်လ ၂၀၁၉ တွင် ကောက်ယူစေခဲ့ရာ ၇၇%မှာ ကျွန်ုပ်တို့ IME Group ၏ အလုပ်အကိုင်ပတ်ဝန်းကျင်ကို ကျေနပ်အားရ‌ကြောင်းသိရှိရသည့်အတွက် ကျွန်ုပ်အနေဖြင့် ဂုဏ်ယူမိပါသည်။ ကျွန်ုပ်တို့အနေဖြင့် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သော်လည်း ဆက်လက်လုပ်ဆောင်ရန် များစွာ ကျန်ရှိနေသေးသည်ဟု နားလည်ထားပါသည်။

ကျွန်ုပ်တို့၏ မဟာဗျုဟာကျသော ရည်မှန်းချက်များက ကုမ္ပဏီကို ရှေ့သို့ဆက်လက်ချီတက်နိုင်စေရန် လမ်းခင်ပေးနေသည်မှာ အသေအချာပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် IME Group ၏အနာဂတ်ကို ခိုင်မာစေရန်အလို့ငှာ (၁) ပိုမိုခိုင်ခံ့သော ကော်ပိုရိတ် ယဥ်ကျေးမှုကို တည်ဆောက်ရန် (၂) ကျွန်ုပ်တို့၏ ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်ကို ပြောင်းလဲရန် နှင့် ကျွန်ုပ်တို့၏ စီမံခန့်ခွဲမှုဆိုင်ရာချဥ်းကပ်မှုကို ကော်ပိုရိတ်ဆိုင်ရာ တာဝန်ယူ၊တာဝန်ခံမှု တို့အပေါ် မူတည်ပြီး တည်ဆောက်ရန်အတွက် ရင်းနှီးမြုပ်နှံမှုများပြုလုပ်နေပါသည်။

IME Group အနေဖြင့် ၎င်းနှင့်အကျိုးသက်ဆိုင်သူများအတွက် တန်ဖိုးများဖန်တီးပေးနိုင်မည့် အရည်အချင်းအပေါ် ကျွန်ုပ်ယုံကြည်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းမှ တဆင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရ၍ ခိုင်မာသော ဦးဆောင်သူနေရာကို ရောက်ရှိနိုင်မည်ဖြစ်ပြီး လူသားတိုင်းအတွက် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးလိုသည့် ကုမ္ပဏီ၏ vision ကိုလည်း ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

ဇော်မြင့်ထူး

ကုမ္ပဏီတည်ထောင်သူနှင့် IME Group အမှုဆောင်အရာရှိချုပ်