ဆောက်လုပ်‌ရေးလုပ်ငန်း

IME ဆောက်လုပ်ရေးလုပ်ငန်းသည် IME Group ၏ အဖွဲ့ဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဝယ်ယူသူများအား ဆောက်လုပ်ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အထပ်မြင့် များစွာပါသည့် လူနေအဆောက်အဦးများ၊ ရုံးခန်းများနှင့် စတီးဖြင့်ဆောက်လုပ်ထားသော ဂိုဒေါင်များ အပါအဝင် ဆောက်လုပ်ရေးစီမံကိန်း အမျိုးမျိုးအား လုပ်ကိုင်လျှက် ရှိသည်။

IME ဆောက်လုပ်ရေးလုပ်ငန်းရှိ ဝန်ထမ်းပေါင်း ၁၄၀ ကျော်သည် ဝယ်ယူသူများအား အရည်အသွေးမြင့် အဆောက်အဦးများ ပေးအပ်နိုင်ရန် စိတ်အားထက်သန်စွာ အလုပ်လုပ်ကိုင်လျှက်ရှိပါသည်။ ဤသည်ကို ထင်ဟပ်စေမည့် ISO 9001:2015 လက်မှတ်လည်း ရရှိခဲ့ပါသည်။

IME ဆောက်လုပ်ရေးလုပ်ငန်းသည် အောက်ပါ စီမံကိန်း ၃ ခုအတွက် အဓိကစာချုပ်ချုပ်ကာ လုပ်ကိုင်လျှက်ရှိသည်။

  1. Aramaw Nyaung Shwe Resort – အခန်းပေါင်း ၆၈ ခန်း၊ ရေကူးကန်၊ spaနှင့် အားကစားခန်းမတို့ပါဝင်သော ကြယ်၄ပွင့် အဆင့်ရှိ အပန်းဖြေစခန်း
  2. Network International School – ၂၀၂၀ ခုနှစ်အလယ်ပိုင်းတွင် ဆောက်လုပ်ပြီးစီးမည့် ဘောလုံးကွင်း၊ ရေကူးကန်နှင့် ဘက်စုံသုံး ကစားကွင်းတစ်ခု ပါဝင်သော ကျောင်းသား ၅၀၀ ခန့် တက်ရောက်နိုင်မည့် စုစုပေါင်း စတုရန်းပေ ၉၈,၈၈၁ နိုင်ငံတကာအဆင့်မီ အလယ်တန်းကျောင်း

၂၀၁၉ ဒီဇင်ဘာတွင် IME Construction သည် ပရောဂျက် (၈) ခု (စုစုပေါင်း စတုရန်းပေ ၁,၁၈၅,၆၆၂) အောင်မြင်စွာဆောက် လုပ်ပြီးစီး ခဲ့ပါသည်။

ကုမ္ပဏီသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဝယ်ယူသူများအား ဆောက်လုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ဆောင်မှုများအား အကူအညီပေးအပ်လိုပါသည်။ ကုမ္ပဏီ၏ ယခင်နှင့် ယခုအတွေ့အကြုံများသည် မြန်မာနိုင်ငံရှိ ရှုပ်ထွေးသော စီမံကိန်းများအား စီမံဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်လာသည်။ ဤအတွေ့အကြုံများကို အခြား ဝယ်ယူအသုံးပြုသူများနှင့် မျှဝေရန် စိတ်အားထက်သန်လျှက် ရှိပါသည်။

ပြည်တွင်း အဖွဲ့အစည်းများနှင့် မည်သို့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရမည်ကိုလည်း သိရှိထားသောကြောင့် စီမံကိန်းဆောက်လုပ်ရေးကာလအတွင်း ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ပဋိပက္ခများ ပေါ်ပေါက်လာသည့်အခါတွင်လည်း ကြိုးစားဖြေရှင်းခဲ့ပါသည်။ သာဓကအားဖြင့် The Leaf Residence & Tower အား တည်ဆောက်စဥ်တွင် တိုင်ကြားချက်တစ်ခုအား ဖြေရှင်းခဲ့ရပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အဖြေတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပါသည်။

အဓိကကိန်းဂဏန်းအချက်အလက်များ

  • ဆောက်လုပ်ပြီးစီးခဲ့သော စီမံကိန်း ၈ ခု (စုစုပေါင်း စတုရန်းပေ ၁,၁၈၅,၆၆၂)
  • ဆောက်လုပ်ဆဲ စီမံကိန်း ၂ ခု (စတုရန်းပေစုစုပေါင်း ၂၀၇,၈၁၀)
  • ‌‌ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ စီမံကိန်းများအား ဆောက်လုပ်နိုင်ခြင်း
  • ISO 9001:2015 လက်မှတ်ရရှိခဲ့ခြင်း
  • ISO 45001:2018 လက်မှတ်ရရှိခဲ့ခြင်း
  • ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထောက်ပံ့သည့် suppliers ၄၃၀ ကျော် ရှိခြင်း
  • ဝန်ထမ်းပေါင်း ၁၄၀ ကျော် ရှိခြင်း
  • အသေးစား မတော်တဆမှုတစ်ခုသာ ဖြစ်ပွားခဲ့ခြင်း