လူနေမှုပုံစံ

RENÉ MYANMAR

RENÉ Myanmar သည် IME Group ၏ အဖွဲ့ဝင် ဖြစ်ပါသည်။ ကုမ္ပဏီသည် အဝတ်အစား အသုံးအဆောင် အမှတ်တံဆိပ်တစ်ခု ဖြစ်သော RENÉ Mattias ကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာအမျိုးသမီးများ အတွက် လက်လှမ်းမီသော စျေးနှုန်းနှင့် နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းများကို ဝယ်ယူနိုင်ရန်ရည်ရွယ်ပါသည်။ အဓိကရည်ရွယ်ချက်မှာ အများလိုအပ်သည့်အတိုင်း စစ်မှန်သော စျေးနှုန်းနှင့် အရည်အသွေးမြင့်သော ခေတ်မီဖက်ရှင်ကျသည့် ဒီဇိုင်းများကို ဝယ်ယူသူများအား ရောင်းချနိုင်ရန် ဖြစ်ပါသည်။

ပထမဆုံးနှစ်တွင် နောက်ဆုံးပေါ် အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းပေါင်း ၈၀၀ ကျော်အား ဒီဇိုင်းဆွဲကာ ထုတ်လုပ်ခဲ့ပြီး ဆိုင်ခွဲများတွင် ကုန်ပစ္စည်းအသစ်များကို ၂ပတ်တစ်ခါ ခင်းကျင်းပြသထားနိုင်ခဲ့ပါသည်။ ယခုအခါတွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဆိုင်ခွဲပေါင်း ၁၀ ဆိုင် ဖွင့်လှစ်ထားပြီး ဝယ်ယူသူထောင်ပေါင်းများစွာအား အကောင်းဆုံး ဝန်ဆောင်မှုနှင့် ဖက်ရှင်များကို နှစ်စဥ်ပေးအပ်နိုင်ရန် ပြင်းပြသောဆန္ဒရှိသည့် ဝန်ထမ်းပေါင်း ၁၀၀ ကျော်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

ကုမ္ပဏီထုတ်ကုန်များ၏ အရည်အသွေးအား ကောင်းစွာဂရုစိုက်လျှက်ရှိပြီး ပစ္စည်းများ၏ အရည်အသွေးကို စောင့်ကြည့်လေ့လာနိုင်ရန် လုံခြုံကောင်းမွန်သော လုပ်ငန်းစဥ်များထားရှိပါသည်။ ရလဒ်အနေဖြင့် ကုန်ပစ္စည်းအရည်အသွေးနှင့် သက်ဆိုင်သော တိုင်ကြားချက်များအား ပျမ်းမျှအားဖြင့် တစ်လလျှင် ၁ ခု ဖြေရှင်းနိုင်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရှေ့အပြေးဆုံး အဝတ်အစားနှင့် အသုံးအဆောင်အမှတ်တံဆိပ်များထဲမှ တစ်ခု ဖြစ်လာရန် ပြည်တွင်းပြည်ပစီးပွားဖက်များနှင့် စျေးကွက်ရှယ်ယာပိုမိုရရှိရန်  လုပ်ကိုင်လျှက်ရှိပါသည်။

RENÉ Mattias သည် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဟောင်ကောင်နိုင်ငံတို့တွင် စာရင်းသွင်းထားသော ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။

IME Food

IME Food သည် မြို့ပြလူထုအား ကောင်းမွန်သော အစားအသောက် အတွေ့အကြုံများ ပေးအပ်နိုင်ရန် မကြာသေးမီက တည်ထောင်ထားသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ IME Food သည် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ထိုင်ဝမ်အမှတ်တံဆိပ်တစ်ခုဖြစ်သော Mr Cow အား မိတ်ဆက်ခဲ့သည်။ ပထမဆုံးသော စားသောက်ဆိုင်အား ရန်ကုန်မြို့ရှိ အချက်အချာကျသော နေရာတွင် ဖွင့်လှစ်ထားပါသည်။

ပိုမိုများပြားသောစားသောက်ဆိုင်များအား ဖွင့်လှစ်၍ စီးပွားရေးချဲ့ထွင်ရန် အခြားအခွင့်အလမ်းများကို ရှာဖွေလျှက် ရှိသည်။