ရည်ရွယ်ချက်

ကုမ္ပဏီအကြောင်း
ရည်ရွယ်ချက်

ရည်ရွယ်ချက်

IME Group အနေဖြင့် စီးပွားရေးကဏ္ဍသည် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံ၏ လူအဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရာတွင် ကောင်းမွန်သော တွန်းအားတစ်ခုဖြစ်သည်ဟု ယုံကြည်သည်။

IME Group သည် မိမိတို့၏ အကောင်းမွန်ဆုံးသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြန်မာပြည်သူပြည်သားများအား ပေးအပ်ခြင်းဖြင့် ထိုသူတို့၏ လူနေမှုဘဝများကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါသည်။  

IME Groupသည် မြန်မာနိုင်ငံ၏ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကော်ပိုရိတ်ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းလျှက်ရှိပြီး မြန်မာနိုင်ငံစီးပွားရေးကဏ္ဍသည်လည်း အခြားသောနိုင်ငံများမှ စီးပွားရေး ကဏ္ဍများကဲ့သို့ပင် တာဝန်ယူမှုရှိရှိနှင့် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ကိုင်လည်ပတ်နိုင်ကြောင်းပြသလိုပါသည်။ IME Group အနေဖြင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ တန်ဖိုးများဖန်တီးနိုင်ပြီး အကျိုးသက်ဆိုင်သူများအကြား သင့်တင့်စွာ ဝေမျှနိုင်ခြင်း အတွက်လည်း ဂုဏ်ယူမိပါသည်။  

IME Group၏ လုပ်ဆောင်ချက်များကို ကုမ္ပဏီ၏ ချမှတ်ထားသော ကော်ပိုရိတ်တန်ဖိုးများ၊ vision နှင့် mission တို့ဖြင့် လှုံဆော်ဆောင်ရွက်လျက် ရှိပါသည်။

Vision

  • အကောင်းမွန်ဆုံးသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးအပ်ခြင်းဖြင့် ဒေသတွင်း ထိပ်ဆုံးမှ ဦးဆောင်နေသော ကော်ပိုရိတ်လုပ်ငန်းစုတစ်ခုဖြစ်လာစေရန်၊
  • အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်စေရန်၊

Mission

  • မြန်မာနိုင်ငံအတွင်းရှိ ကောင်းမွန်သော ကော်ပိုရိတ်စီမံခန့်ခွဲမှုရှိသည့် ထိပ်သီး ကော်ပိုရိတ်ကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်ရန်၊
  • IME Groupမှ လုပ်ဆောင်နေသည့် လုပ်ငန်းကဏ္ဍအားလုံးတွင် ရှေ့ပြေးကုမ္ပဏီများ ဖြစ်လာစေရန်အတွက် လုပ်ငန်းစဥ်များနှင့် ဝန်ထမ်းများ၏ တိုးတက်ဖွံ့ဖြိုးမှုအပေါ်တွင် ရင်းနှီးမြုပ်နှံရန်၊
  • စျေးကွက်ကဏ္ဍအသီးသီးတွင် အကောင်းမွန်ဆုံးသော အရည်အသွေးရှိသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးရန်၊
  • အကျိုးသက်ဆိုင်သူအားလုံးနှင့်ဆိုင်သည့် ရေရှည်တည်တံ့ခိုင်မြဲမည့် တန်ဖိုးများကို ဖန်တီးရန်၊
  • နိုင်ငံသားများ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက် ပံ့ပိုးဆောင်ရွက်ရန်၊
  • ဝန်ထမ်းများအနေဖြင့် IME နှင့်အတူ ပျော်ရွှင်စွာ ဖွံ့ဖြိုးတိုးတက်လာစေနိုင်မည့် လုပ်ငန်းပတ်ဝန်းကျင်ကောင်းကို ဖန်တီးရန်၊
  • စျေးကွက်အတွင်းတွင် ဝယ်ယူစားသုံးသူတို့အား အမြင့်ဆုံးစိတ်ကျေနပ်မှုရရှိနိုင်ရန်၊

IME Group၏ တန်ဖိုးများ

တာဝန်ခံမှု

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်တိုင်းအပေါ်တွင် အမြဲတမ်း တာဝန်ခံမှုရှိသည်။

သမာဓိသိက္ခာ

သမာဓိသိက္ခာသည် ကျွန်ုပ်တို့၏နှလုံးသားထဲတွင်ရှိပြီး မည်သည့်အခါမျှအစားထိုးသွားမည်မဟုတ်ပါ။

ကိုယ်နှင့်စိတ်နှစ်မြုပ်နိုင်မှု (ကတိကဝတ်)

ကတိကဝတ်ပြုထားသည့် အတိုင်း ဝန်ဆောင်မှုများကိုအစဉ်ပေးသည်။

အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်မှု

ပိုမိုမြင့်မားသော ရည်မှန်းချက်များအား အောင်မြင်နိုင်ရန် အဖွဲ့ဝင်တစ်ယောက်ချင်း၏ အခန်းကဏ္ဍတိုင်းကို အစဉ်အလေးထား၊ အသိအမှတ်ပြုပါသည်။

တီထွင်ဖန်တီးမှု

အဖွဲ့အစည်းအတွက် တန်ဖိုးများဖန်တီးပေးနိုင်ရန် လုပ်ဆောင်သည့်အခါတိုင်း ဆန်းသစ်တီထွင်မှုများ ထည့်သွင်း လုပ်ဆောင်ပါသည်။

အဆက်မပြတ် တိုးတက်မှု (Kaizen)

ကုမ္ပဏီ၏လုပ်ငန်းတိုင်းအကောင်းဆုံးဖြစ်စေရန် အဆက်မပြတ်တိုးတက်မှုအား အစဉ်အလေးထားဆောင်ရွက် လျက်ရှိသည်။