ထိပ်ပိုင်း စီမံခန့်ခွဲသူများ

ကုမ္ပဏီအကြောင်း
ကော်ပိုရိတ် စီမံခန့်ခွဲမှု -> ထိပ်ပိုင်း စီမံခန့်ခွဲသူများ

ZAW MYINT HTOO

Group Chief Executive Officer

ဦးဇော်မြင့်ထူးသည် IME Group ၏ တည်ထောင်သူတစ်ဦးဖြစ်ပြီး Group CEO လည်းဖြစ်သည်။ ဦးဇော်မြင့်ထူးသည် Executive Management Board နှင့် Audit Risk Compliance Committee အား ဦးဆောင်သူလည်းဖြစ်သည်။ ကုမ္ပဏီ၏ ဦးဆောင်သူတစ်ဦး ဖြစ်သည့် အလျှောက် နည်းဗျူဟာမြောက် ဦးတည်ချက်များချမှတ်ရန်၊ management အဖွဲ့အား ဦးဆောင်ရန်နှင့် ကုမ္ပဏီ၏ လုပ်ဆောင်ချက်များအား ပြန်လည်သုံးသပ်ရန်အတွက် အဓိကတာဝန်ယူဆောင်ရွက်လျှက်ရှိသည်။ တာဝန်ယူမှုရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ကုမ္ပဏီတည်ထောင်ရန်ဟူသော ၄င်း၏ ရည်မှန်းချက်နှင့် ကတိအတိုင်း ကုမ္ပဏီ၏ လုပ်ကိုင်နိုင်မှုအား ပိုမိုမြှင့်တင်ရန်နှင့် ကြုံတွေ့မည့်စိန်ခေါ်မှုများအတွက် အသင့်ရှိစေရန် စီစဉ်လုပ်ဆောင်လျှက်ရှိသည်။

ဦးဇော်မြင့်ထူးသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Rochester Institute of Technology မှ Bachelor of Science in Industrial Engineering & Master of Engineering in Engineering Management ဘွဲ့ ရရှိခဲ့သည်။

DR. SWAN HTET AUNG

Senior Executive Vice President

ဦးစွမ်းထက်အောင်သည် IME Group ၏ ပူးတွဲတည်ထောင်သူတစ်ဦး ဖြစ်သကဲ့သို့ Executive Management Board ၏ အဖွဲ့ဝင်တစ်ဦး လည်းဖြစ်ပါသည်။ ဦးစွမ်းထက်အောင်သည် IME Construction Co.,Ltd နှင့် Southern World Mining Co.,Ltd တို့၏ Senior Executive Vice President နှင့် Chief Operating Officer လည်းဖြစ်သည်။ ၄င်း၏ဦးဆောင်မှုအောက်တွင် IME Construction အနေဖြင့် ဧရိယာစတုရန်းမီတာ ၈၀၀၀၀ ကျော်ကျယ်ဝန်းသည့် The Leaf Residence & Tower အား အချိန်မှီ ချမှတ်ထားသော ဘတ်ဂျက်အတွင်း ဆောင်လုပ်ပြီးစီးခဲ့ပြီး SWM အနေဖြင့် ခဲမဖြူနှင့် အဖြိုက်နက်သတ္တုများအား မြန်မာနိုင်ငံအစိုးရ၏ ခွင့်ပြုချက်အတွင်း အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပါသည်။

ဦးစွမ်းထက်အောင်သည် မြန်မာနိုင်ငံ၊ ရန်ကုန် ဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့နှင့် ထိုင်းနိုင်ငံ၊ Assumption University မှ Master of Business Administration ဘွဲ့များ ရရှိခဲ့သည်။

DR. NYI NYI LATT

Executive Vice President

ဦးညီညီလတ်သည် IME Group ၏ တည်ထောင်သူတစ်ဦး ဖြစ်သကဲ့သို့ Executive Management Board ၏ အဖွဲ့ဝင်တစ်ဦး လည်းဖြစ်ပါသည်။ ဦးညီညီလတ်သည် IME International Co.,Ltd တို့၏ Senior Executive Vice President နှင့် Chief Operating Officer လည်းဖြစ်သည်။ ၄င်း၏ဦးဆောင်မှုအောက်တွင် IME International သည် လျင်မြန်စွာတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် TBR တာယာရောင်းချရေးစျေးကွက်တွင် ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့သည်။

ဦးညီညီလတ်သည် မြန်မာနိုင်ငံ၊ ရန်ကုန် ဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့နှင့် ထိုင်းနိုင်ငံ၊ Assumption University မှ Master of Business Administration ဘွဲ့များ ရရှိခဲ့သည်။

Dr. Hong Chin Pan

Executive Vice President

ဦးဟုန်ချင်ပန်းသည် IME Property Co.,Ltd (IME Group ၏ အိမ်၊ခြံ၊မြေလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက် သည့်လုပ်ငန်း) ၏ Executive Vice President နှင့် Chief Operating Officer ဖြစ်သည်။ ဦးဟုန်ချင်ပန်းသည် ၂၀၁၃ ခုနှစ်တွင် IME Construction အတွက် project director တစ်ဦးအဖြစ် စတင်လုပ်ဆောင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင် IME Property ၏ COO တစ်ယောက်ဖြစ်လာခဲ့သည်။ ၄င်း၏ ဆောက်လုပ်ရေးဆိုင်ရာ အတွေ့အကြုံများသည် ၄င်းအား အိမ်၊ခြံ၊မြေလုပ်ငန်းလုပ်ဆောင်ရန် များစွာ အထောက်အကူပြုခဲ့သည်။ ၄င်း၏ဦးဆောင်မှုအောက်တွင် IME Property အနေဖြင့် IME Group ၏ ပထမဆုံးသော အိမ်၊ခြံ၊မြေ ပရောဂျက်တစ်ခုဖြစ်သည့် စတုရန်းမီတာ ၈၀၀၀၀ ကျော်ရှိသည့် The Leaf Residence & Tower လုပ်ငန်းအား အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့သည်။

ဦးဟုန်ချင်ပန်း သည် မြန်မာနိုင်ငံ၊ မန္တလေး ဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့ရရှိခဲ့သည်။