အိမ်၊ခြံ၊မြေလုပ်ငန်း

IME Property သည် IME Group ၏အဖွဲ့ဝင်ကုမ္ပဏီဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဝန်ထမ်းပေါင်း ၆၀ ကျော် တာဝန်ထမ်းဆောင်လျှက်ရှိသည်။ IME Property ၏အဓိကစီးပွားရေးမှာ မြန်မာနိုင်ငံ၏ အိမ်ခြံမြေစျေးကွက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ခြင်း ဖြစ်သည်။

Mc Kinsey မှ အချက်အလက်များ အရ အိမ်ခြံမြေစျေးကွက်အနေဖြင့် မြန်မာနိုင်ငံ၏ တိုးပွားလာသော လူဦးရေအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများနှင့် အဓိကအရင်းအနှီးများအား တိုးမြှင့်တည်ဆောက်နိုင်ရန် ၂၀၃၀ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံကျော် လိုအပ်နေသည်။ စျေးကွက်အလားအလာသည် လူလတ်တန်းစားအရေအတွက် များပြားလာခြင်းအပေါ်တွင် မူတည်လျက်ရှိသည်မှာလည်း ထင်ရှားသည့်အချက်ဖြစ်သည်။

ထို့ကြောင့် ကုမ္ပဏီ၏ ရပ်တည်ချက်သည် လက်ရှိ စျေးကွက်ပမာဏနှင့် မျှော်မှန်းစျေးကွက်များအတွက် လိုက်လျောညီထွေမှုရှိသော စီမံကိန်းများအား တည်ဆောက်ရန်ဖြစ်သည်။ ကုမ္ပဏီ၏ စီမံကိန်းများအား ဆွဲဆောင်မှုရှိစေရန်၊ လက်လှမ်းမီစေရန်နှင့် မြန်မာ့စျေးကွက်နှင့်ကိုက်ညီစေရန် အောက်ပါတို့ကို ဦးစားပေး လုပ်ဆောင်လျှက် ရှိသည်။

  • မီးလောင်ခြင်း၊ ငလျင် စသည့် အန္တရာယ်ရှိနိုင်ခြေအမျိုးမျိူးအား ထည့်သွင်းစဥ်းစားပြီး အနာဂတ်တွင် ရေရှည်တည်တံ့နေနိုင်မည့် အရည်အသွေးမြင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်၊
  • ကုမ္ပဏီသည် စွမ်းအင်နှင့် ရေသုံးစွဲမှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အစရှိသော ကုန်ကျစရိတ်များအား လျော့ချနိုင်ရန် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ထားခြင်းကြောင့် အဆောက်အဦးအား အသုံးပြုနေစဥ် ကုန်ကျမည့် စရိတ်များအား လျှော့ချနိုင်ရန်၊
  • အဆောက်အဦး၏ လွယ်ကူအဆင်ပြေမှုနှင့် ဒီဇိုင်းတို့သည် ဝယ်ယူသူများကို ကောင်းမွန်စွာနေထိုင်နိုင်ရန် ထောက်ပံ့ပေးနိုင်ရန် (၂၀၁၇ ခုနှစ်တွင် Property Award မှ Best Residential Interior Design ဆုအား ရရှိခဲ့သည်)၊
  • ဝယ်ယူသူများအား ကတိကဝတ်ပြုထားသည့် စျေးနှုန်းနှင့် အရည်အသွေးမီ စီမံကိန်းများကို လုပ်ဆောင်နိုင်ရန်၊

လက်ရှိတွင် IME Property သည် စီမံကိန်း ၂ ခုအား ဆောင်ရွက်လျှက် ရှိပါသည်။

  • ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် တည်ရှိသော လူနေအိမ်နှင့် ရုံးခန်းအဆောက်အဦးများ ပါဝင်သော “The Leaf Residence & Tower” စီမံကိန်း
  • ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့တွင် တည်ရှိသော “Aramaw Nyaung Shwe Resort” စီမံကိန်း

IME Property အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်း အနည်းငယ်ရှိပြီး စျေးကွက်လိုအပ်ချက်များကို ချင့်ချိန်‌လေ့လာလျှက်ရှိသည်။ စျေးကွက်လိုအပ်ချက် အရှိန်ရလာသောအခါ စီမံကိန်းအား စတင်မည် ဖြစ်သည်။

The Leaf Residence & Tower

အချက်အလက်များ

  • ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ဆောက်လုပ်သော တာဝါ ၄ ခု၊
  • ၇၉၃,၉၀၀ စတုရန်းပေ ဆောက်လုပ်ရန်
  • ငလျင်ဒဏ်ခံနိုင်ရန်၊
  • ကားပါကင်လုံလောက်စေရန် မြေအောက်ကားပါကင် ၂ ထပ်ထားရှိစေရန်၊
  • မသန်စွမ်းသူများအတွက် အဆင်ပြေစေရန်၊
  • ‌ရေသန့်ရှင်းရေးစနစ် ထားရှိရန်၊
  • အကောင်းဆုံး ကွန်ဒိုဒီဇိုင်းဆု ရရှိခဲ့ခြင်း၊
  • Best Residential Interior Design ဆု ရရှိခဲ့ခြင်း၊

သတင်းအချက်အလက်များ ပိုမိုရရှိလိုပါက ကုမ္ပဏီ၏ Facebook စာမျက်နှာတွင် လေ့လာနိုင်ပါသည်။