၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် IME ဖောင်ဒေးရှင်းအား အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့သည်။ ဖောင်ဒေးရှင်းသည် သီးခြားစီမံအုပ်ချုပ်မှု၊ ဘဏ္ဍာရေးစနစ်များနှင့် လွတ်လပ်စွာ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၄င်း၏ အဓိကရန်ပုံငွေအများစုသည် IME Group ကုမ္ပဏီလီမိတက် မှရရှိပါသည်။
IME ဖောင်ဒေးရှင်း၏ နာယကဖြစ်သူဒေါ်ဖုံစု၏ အားပေးလမ်းညွှန်မှုနှင့် IME Group တည်ထောင်သူနှင့် Group’s CEO ဖြစ်သည့် ဉီးဇော်မြင့်ထူး၏ ခေါင်းဆောင်မှုဖြင့် IME ဖောင်ဒေးရှင်းသည် အောက်ဖော်ပြပါ လုပ်ငန်း(၃)ရပ်ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။
ဖောင်ဒေးရှင်း၏ ရည်မှန်းချက်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်ပေးမည့် အုပ်ချုပ်ရေးဘုတ်အဖွဲ့
IME ဖောင်ဒေးရှင်းသည် IME Group ၏ ရေရှည်တည်တံ့ခိုင်မြဲရေး ဆိုင်ရာ ကနဦးလုပ်ဆောင်ချက်များကို ပူးပေါင်း ဖြည့်စည်းလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
IME ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် ကျောင်းသူ/ကျောင်းသား ၆၀ ကျော်အား နှစ်စဉ် ပညာသင်ဆုများထောက်ပံ့ပေးရန် နားလည်မှုစာချွန်လွှာရေးထိုးထားပါသည်။ နှစ်စဉ် IME ဖောင်ဒေးရှင်းသည် မိဘမှ မထောက်ပံ့နိုင်သည့် ကျောင်းသူ/ကျောင်းသားသစ် ၁၅ဉီးကိုပညာသင်ဆုများပေးသွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်မှစတင်၍ IME ဖောင်ဒေးရှင်းသည် ကျောင်းသူ/ကျောင်းသားဦးရေ ၆၀ မှ ၇၀ဦး အား မြန်မာကျပ်သန်း၁၂၀ မှ သန်း၁၅၀ အား နှစ်စဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
အောက်ဖော်ပြပါ ဇယားအတိုင်း အမျိုးမျိုးသော ပညာဘာသာရပ်များမှ ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့သွားမည်ဖြစ်သည်။ ဖောင်ဒေးရှင်းအနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်တည်ဆောက်ရန် မြန်မာနိုင်ငံမှလိုအပ်လျက်ရှိသည့် အတတ်ပညာ၊ ကျွမ်းကျင်မှုများ ပိုမိုတိုးတက်လာစေရန်အတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။