ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်း

Mineral Mining

Southern World Mining သည် IME Group ၏ အဖွဲ့ဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

အဓိကစီးပွားရေးလုပ်ငန်းမှာ သတ္တုတူးဖော်ရှာဖွေရေးလုပ်ငန်းဖြစ်ပြီး အဓိကတူးဖော်သည့် သတ္တုများမှာ ခဲမဖြူနှင့် အဖြိုက်နက် ဖြစ်ပါသည်။

  • ကုမ္ပဏီသည် လုပ်ငန်းများ၏ လူမှုဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို အကဲဖြတ်စစ်ဆေးပြီး အသေးစားသတ္တုတူးဖော်ရေးလိုင်စင်တစ်ခု ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဥ်အား အတည်ပြုပေးခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်မှုများကို ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် စတင်လုပ်ကိုင်ခဲ့ပါသည်။ အလားအလာရှိသော သက်ရောက်မှုများအား စောင့်ကြည့်ရန်နှင့် မြေဆီလွှာ၊ ရေ၊ လေ၊ ဆူညံသံနှင့် အခြားတိုင်းတာချက်များကို ၆ လတစ်ကြိမ် စစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် Southern World Miningကုမ္ပဏီနှင့် စီးပွားဖက်ကုမ္ပဏီတို့သည် ပြင်ပ Third-party အဖွဲ့အစည်းတစ်ခုကို ငှားရမ်းခဲ့ပြီး ရလဒ်များကို ဒေသခံလူထုထံ မျှ‌ဝေခဲ့ပါသည်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မေတ္တာမြို့နယ်ခွဲ၊ ဖက်လက်တိုဒေသတွင် ခဲမဖြူနှင့် အဖြိုက်နက် အကြီးစား ရှာဖွေရေးလိုင်စင်ကို ရရှိခဲ့ပါသည်။ ခန့်မှန်းခြေ ဧရိယာမှာ ၈၆၈.၈၉ ဧက ရှိပါသည်။

ကုမ္ပဏီတွင် လုပ်ငန်းများအတူတကွ လုပ်ဆောင်လျက်ရှိသော စီးပွားဖက်ကုမ္ပဏီတစ်ခု ရှိပါသည်။ စီမံကိန်းမှ ရလဒ်များအား ၎င်းတို့နှင့် မျှ‌ဝေလျှက်ရှိသည်။

ကုမ္ပဏီသည် လုပ်ငန်းများအား တတ်နိုင်သမျှ တာဝန်ယူမှုရှိစေရန် ရည်ရွယ်သည်။ မန္တလေးအနီးရှိ ပိတ်သိမ်းလိုက်သော သတ္တုတွင်းတစ်ခုအား ကျွန်းစိုက်ခင်းတစ်ခု အဖြစ်ပြောင်းလဲခဲ့သည်။ သတ္တုတွင်း၏အကျယ်အဝန်း စုစုပေါင်း ဧက ၂၀ အနက် ၁၅ ဧကတွင် ကျွန်းပင်များ စိုက်ပျိုးထားသည်။ မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ  ဤစီမံကိန်းအား စံနှုန်းတစ်ခုအဖြစ် ထည့်သွင်းစဥ်းစားလျှက် ရှိသည်။