ကုန်သွယ်ရေးနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း

IME Group ၏ဖြန့်ဖြူးခြင်း လုပ်ငန်းအား ၂၀၁၄ ခုနှစ် နှောင်းပိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး ဆောက်လုပ်ရေးနှင့် မိုင်းတွင်းသုံး စက်ပစ္စည်းအမျိုးမျိုးဖြစ်သော မြေကျောက်သယ်ယာဥ်များ၊ မြေတူးစက်များ၊ မြေထိုးစက်များနှင့် မြေညှိစက်များတင်သွင်းရောင်းချသည့် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါသည်။

လုပ်ငန်းစတင်ဆောင်ရွက်စဥ်ကတည်းက IME ကုမ္ပဏီ၏ ဖြန့်ဖြူးခြင်းလုပ်ငန်းသည် ဝယ်ယူသူများအား စိတ်ကျေနပ်မှုရရှိပြီး စီးပွားရေးလုပ်ငန်းအနေဖြင့်လည်း လျင်မြန်စွာ ထွန်းကားလာခဲ့သည်။ IME International ကုမ္ပဏီအား စတင်တည်ထောင်သည့် ရည်ရွယ်ချက်သည် အသုံးပြုပြီး စက်ပစ္စည်းများအား တင်သွင်းဖြန့်ဖြူးရောင်းချသည်သာမက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းအမျိူးမျိုး ဖြန့်ဖြူးရေးအတွက် နိုင်ငံတကာ ထုတ်လုပ်ရောင်းချသူများနှင့် စီးပွားဖက်အဖြစ်လုပ်ကိုင်နိုင်ရန်လည်းဖြစ်သည်။

ခိုင်မာသော စီးပွားရေးကျင့်ဝတ်သည် ကုမ္ပဏီ၏ ရေရှည်အောင်မြင်မှုအတွက် အဓိကကျသည်။ ထို့ကြောင့် IME International ၏ Code of Conduct အား ရေးသားခဲ့သည်။ ထို့နည်းတူစွာ သင့်တင့်မျှတသော အခွန်ပေးဆောင်ခြင်းဖြင့် ကုန်ပစ္စည်းများအား တရားဝင် တင်သွင်းလျှက် ရှိသည်။

Documents

ကုမ္ပဏီ၏ အမှတ်တံဆိပ်များ

IME International ကုမ္ပဏီသည် ဝယ်ယူသူများအတွက် သင့်တင့်သောစျေးနှုန်းဖြင့် အရည်အသွေးမြင့် အမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ရန်ရည်ရွယ်ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ချက်သည် IME International အား ပြိုင်ဘက်များနှင့် မတူကွဲပြားသည့် ကုမ္ပဏီတစ်ခုဖြစ်စေခဲ့ပါသည်။

စျေးကွက်ဖြန့်ကျက်မှု

ကုမ္ပဏီအနေဖြင့် ထောက်ပံ့ပေးနေသော ကိုယ်စားလှယ်များနှင့် စီးပွားဖက်များပါဝင်သည့် ကွန်ရက်တစ်ခုအား တည်ဆောက်ခဲ့ပါသည်။ ယခုအခါ တစ်နိုင်ငံလုံးအား စျေးကွက်ဖြန့်ကျက်နိုင်ပြီး လက်ရှိကွန်ရက်ကိုလည်း ချဲ့ထွင်နိုင်ရန် စီစဥ်ထားပါသည်။