IME Employee Annual Trip-MM

နောက်ဆုံးရသတင်းများ

IME Holdings Group

March 2020

IME EMPLOYEE ANNUAL TRIP

IME Group မှဝန်ထမ်းများ၏ ၂ဝ၂ဝ ခုနှစ်ပတ်လည်ခရီးစဉ်အား(၂၉-ဝ၂-၂ဝ၂ဝ)နေ့မှ (ဝ၂-ဝ၃-၂ဝ၂ဝ) နေ့အထိ ရှမ်းပြည်နယ်ရှိ (ညောင်ရွေ-ရွာငံ-အင်းလေး-ကလော) ဒေသများသို့ နှစ်ညအိပ်-သုံးရက် သွားရောက်လည်ပတ်ခဲ့ပါသည်။ ဤခရီးစဉ်တွင် ဝန်ထမ်းဦးရေ (၂ဝဝ)ခန့်ပါဝင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များ၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အတူ Red Mountain ဝိုင်ခြံမှ Inle Horse Club အထိ ခန့်မှန်းကြာချိန် (၃)နာရီခန့် တောင်ကုန်းများကိုကျော်ဖြတ်၍ Trekking ခရီးနှင်ခဲ့ကြပါသည်။ဤ Trekking ခရီးစဉ်တစ်လျှောက်တွင် CSR လှုပ်ရှားမှုများအနေဖြင့် အမှိုက်များကောက်သိမ်းခြင်း ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် IME Foundation မှ အလှူငွေ ကျပ်သိန်း(၂ဝ)နှင့် IME Group ၏ဝန်ထမ်းများမှ ပါဝင်လှူဒါန်းငွေ ကျပ် (၁၁) သိန်း၊ စုစုပေါင်းအလှူငွေ ကျပ် (၃၁) သိန်းတိတိကို မုဒိတာဖောင်ဒေးရှင်းသို့ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ခရီးစဉ်တစ်လျှောက်တွင် အထင်ကရနေရာများနှင့်‌တန်ခိုးကြီးစေတီပုထိုး များကို ဝင်ရောက်လေ့လာဖူးမျှော်ခဲ့ကြပါသည်။