VISION

  • အကောင်းမွန်ဆုံးသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးအပ်ခြင်းဖြင့် နိုင်ငံတွင်း ထိပ်ဆုံးမှ ဦးဆောင်နေသော ကော်ပိုရိတ်လုပ်ငန်းစုတစ်ခုဖြစ်လာစေရန်၊
  • အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်စေရန်၊

ABOUT IME GROUP

IME Groupသည် ၂၀၁၁ခုနှစ်တွင် မတူကွဲပြားသောကုမ္ပဏီများပေါင်းစည်းတည်ထောင်ထားသည် ပုဂ္ဂလိကပိုင် လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် တည်ရှိပါသည်။ IME Group သည် “လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းကဏ္ဍများအာလုံးတွင် ဦးဆောင်နိုင်ပြီး နိုင်ငံအတွင်း ထိပ်ဆုံးမှ ဦးဆောင်နေသော ကော်ပိုရိတ်လုပ်ငန်းစုတစ်ခုဖြစ်လာစေရန်နှင့် 

Read More

အိမ်၊ခြံ၊မြေလုပ်ငန်း

IME Property Co., Ltd.

IME Property သည် IME Group ၏အဖွဲ့ဝင်ကုမ္ပဏီဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဝန်ထမ်းပေါင်း ၆၀ ကျော် တာဝန်ထမ်းဆောင်လျှက်ရှိသည်။ IME Property ၏အဓိကစီးပွားရေးမှာ မြန်မာနိုင်ငံ၏ အိမ်ခြံမြေစျေးကွက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ခြင်း ဖြစ်သည်။

Mc Kinsey မှ အချက်အလက်များ အရ အိမ်ခြံမြေစျေးကွက်အနေဖြင့် မြန်မာနိုင်ငံ၏ တိုးပွားလာသော လူဦးရေအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများနှင့် အဓိကအရင်းအနှီးများအား တိုးမြှင့်တည်ဆောက်နိုင်ရန် ၂၀၃၀ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံကျော် လိုအပ်နေသည်။ စျေးကွက်အလားအလာသည် လူလတ်တန်းစားအရေအတွက် များပြားလာခြင်းအပေါ်တွင် မူတည်လျက်ရှိသည်မှာလည်း ထင်ရှားသည့်အချက်ဖြစ်သည်။

ထို့ကြောင့် ကုမ္ပဏီ၏ ရပ်တည်ချက်သည် လက်ရှိ စျေးကွက်ပမာဏနှင့် မျှော်မှန်းစျေးကွက်များအတွက် လိုက်လျောညီထွေမှုရှိသော စီမံကိန်းများအား တည်ဆောက်ရန်ဖြစ်သည်။ ကုမ္ပဏီ၏ စီမံကိန်းများအား ဆွဲဆောင်မှုရှိစေရန်၊ လက်လှမ်းမီစေရန်နှင့် မြန်မာ့စျေးကွက်နှင့်ကိုက်ညီစေရန် အောက်ပါတို့ကို ဦးစားပေး လုပ်ဆောင်လျှက် ရှိသည်။

Read More
အိမ်၊ခြံ၊မြေလုပ်ငန်း
ဆောက်လုပ်‌ရေးလုပ်ငန်း
ကုန်သွယ်ရေးနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း
Lifestyle
Asset Management
Portfolio Investment

IME ဆောက်လုပ်ရေးလုပ်ငန်းသည် IME Group ၏ အဖွဲ့ဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဝယ်ယူသူများအား ဆောက်လုပ်ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အထပ်အနည်းငယ်သာပါသည့် လူနေအဆောက်အဦးများ၊ ရုံးခန်းများနှင့် စတီးဖြင့်ဆောက်လုပ်ထားသော ဂိုဒေါင်များ အပါအဝင် ဆောက်လုပ်ရေးစီမံကိန်း အမျိုးမျိုးအား လုပ်ကိုင်လျှက် ရှိသည်။

IME ဆောက်လုပ်ရေးလုပ်ငန်းရှိ ဝန်ထမ်းပေါင်း ၁၄၀ ကျော်သည် ဝယ်ယူသူများအား အရည်အသွေးမြင့် အဆောက်အဦးများ ပေးအပ်နိုင်ရန် စိတ်အားထက်သန်စွာ အလုပ်လုပ်ကိုင်လျှက်ရှိပါသည်။ ဤသည်ကို ထင်ဟပ်စေမည့် ISO 9001:2015 လက်မှတ်လည်း ရရှိခဲ့ပါသည်။

IME ဆောက်လုပ်ရေးလုပ်ငန်းသည် အောက်ပါ စီမံကိန်း ၃ ခုအတွက် အဓိကစာချုပ်ချုပ်ကာ လုပ်ကိုင်လျှက်ရှိသည်။

  1. Aramaw Nyaung Shwe Resort – အခန်းပေါင်း ၆၈ ခန်း၊ ရေကူးကန်၊ spaနှင့် အားကစားခန်းမတို့ပါဝင်သော ကြယ်၄ပွင့် အဆင့်ရှိ အပန်းဖြေစခန်း
  2. The Leaf Residence & Tower – ၂၀၁၉ ခုနှစ် အလယ်ပိုင်းတွင် ပြီးဆုံးမည်ဖြစ်ပြီး မိသားစု ၂၅၇ နေထိုင်နိုင်၍ ရုံးခန်းနေရာ စုစုပေါင်း စတုရန်းပေ ၁၀၃,၂၁၀ အကျယ်အဝန်းရှိ ဘက်စုံသုံး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

Read More

ကုန်သွယ်ရေးနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း

IME Group ၏ဖြန့်ဖြူးခြင်း လုပ်ငန်းအား ၂၀၁၄ ခုနှစ် နှောင်းပိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး ဆောက်လုပ်ရေးနှင့် မိုင်းတွင်းသုံး စက်ပစ္စည်းအမျိုးမျိုးဖြစ်သော မြေကျောက်သယ်ယာဥ်များ၊ မြေတူးစက်များ၊ မြေထိုးစက်များနှင့် မြေညှိစက်များတင်သွင်းရောင်းချသည့် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါသည်။

လုပ်ငန်းစတင်ဆောင်ရွက်စဥ်ကတည်းက IME ကုမ္ပဏီ၏ ဖြန့်ဖြူးခြင်းလုပ်ငန်းသည် ဝယ်ယူသူများအား စိတ်ကျေနပ်မှုရရှိပြီး စီးပွားရေးလုပ်ငန်းအနေဖြင့်လည်း လျင်မြန်စွာ ထွန်းကားလာခဲ့သည်။ IME International ကုမ္ပဏီအား စတင်တည်ထောင်သည့် ရည်ရွယ်ချက်သည် အသုံးပြုပြီး စက်ပစ္စည်းများအား တင်သွင်းဖြန့်ဖြူးရောင်းချသည်သာမက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းအမျိူးမျိုး ဖြန့်ဖြူးရေးအတွက် နိုင်ငံတကာ ထုတ်လုပ်ရောင်းချသူများနှင့် စီးပွားဖက်အဖြစ်လုပ်ကိုင်နိုင်ရန်လည်းဖြစ်သည်။

Read More

RENÉ MYANMAR

RENÉ Myanmar သည် IME Group ၏ အဖွဲ့ဝင် ဖြစ်ပါသည်။ ကုမ္ပဏီသည် အဝတ်အစား အသုံးအဆောင် အမှတ်တံဆိပ်တစ်ခု ဖြစ်သော RENÉ Mattias ကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာအမျိုးသမီးများ အတွက် လက်လှမ်းမီသော စျေးနှုန်းနှင့် နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းများကို ဝယ်ယူနိုင်ရန်ရည်ရွယ်ပါသည်။ အဓိကရည်ရွယ်ချက်မှာ အများလိုအပ်သည့်အတိုင်း စစ်မှန်သော စျေးနှုန်းနှင့် အရည်အသွေးမြင့်သော ခေတ်မီဖက်ရှင်ကျသည့် ဒီဇိုင်းများကို ဝယ်ယူသူများအား ရောင်းချနိုင်ရန် ဖြစ်ပါသည်။

ပထမဆုံးနှစ်တွင် နောက်ဆုံးပေါ် အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းပေါင်း ၈၀၀ ကျော်အား ဒီဇိုင်းဆွဲကာ ထုတ်လုပ်ခဲ့ပြီး ဆိုင်ခွဲများတွင် ကုန်ပစ္စည်းအသစ်များကို ၂ပတ်တစ်ခါ ခင်းကျင်းပြသထားနိုင်ခဲ့ပါသည်။ ယခုအခါတွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဆိုင်ခွဲပေါင်း ၁၀ ဆိုင် ဖွင့်လှစ်ထားပြီး ဝယ်ယူသူထောင်ပေါင်းများစွာအား အကောင်းဆုံး ဝန်ဆောင်မှုနှင့် ဖက်ရှင်များကို နှစ်စဥ်ပေးအပ်နိုင်ရန် ပြင်းပြသောဆန္ဒရှိသည့် ဝန်ထမ်းပေါင်း ၁၀၀ ကျော်ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

Read More

Mineral Mining

Southern World Mining သည် IME Group ၏ အဖွဲ့ဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

အဓိကစီးပွားရေးလုပ်ငန်းမှာ သတ္တုတူးဖော်ရှာဖွေရေးလုပ်ငန်းဖြစ်ပြီး အဓိကတူးဖော်သည့် သတ္တုများမှာ ခဲမဖြူနှင့် အဖြိုက်နက် ဖြစ်ပါသည်။

  • ကုမ္ပဏီသည် လုပ်ငန်းများ၏ လူမှုဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို အကဲဖြတ်စစ်ဆေးပြီး အသေးစားသတ္တုတူးဖော်ရေးလိုင်စင်တစ်ခု ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဥ်အား အတည်ပြုပေးခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်မှုများကို ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် စတင်လုပ်ကိုင်ခဲ့ပါသည်။ အလားအလာရှိသော သက်ရောက်မှုများအား စောင့်ကြည့်ရန်နှင့် မြေဆီလွှာ၊ ရေ၊ လေ၊ ဆူညံသံနှင့် အခြားတိုင်းတာချက်များကို ၆ လတစ်ကြိမ် စစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် Southern World Miningကုမ္ပဏီနှင့် စီးပွားဖက်ကုမ္ပဏီတို့သည် ပြင်ပ Third-party အဖွဲ့အစည်းတစ်ခုကို ငှားရမ်းခဲ့ပြီး ရလဒ်များကို ဒေသခံလူထုထံ မျှ‌ဝေခဲ့ပါသည်။

Read More

Portfolio Investment

IME Group သည် အလားလာကောင်းသော အခြားစီးပွားရေးလုပ်ငန်းများတွင်လည်းရင်းနှီးမြုပ်နှံထားပါသည်။ သို့သော် ရင်းနှီးမြုပ်နှံထားသော လုပ်ငန်းများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ကျွန်တော်တို့သည် ပါဝင်ဆောင်ရွက်ခြင်းမရှိပါ။ လက်ရှိအချိန်တွင် IME Group သည် ဖော်ပြပါကုမ္ပဏီများတွင် အစုရှယ်ရာအနည်းငယ်ပိုင်ဆိုင်ထားရှိပါသည်။

Read More

ကုန်သွယ်ရေးနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း

IME International Co., Ltd.