လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ

ကုမ္ပဏီအကြောင်း
လုပ်ငန်းဆိုင်ရာကျင့်ဝတ်များး

လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ

နည်းဥပ‌ဒေများ

IME Group သည် အောက်ဖော်ပြပါ နည်း၊ဥပဒေများအား လက်ခံကျင့်သုံးလျက်ရှိပါသည်။

IME Group တွင် ခွဲခြားဆက်ဆံခြင်း၊ အဂတိလိုက်စားခြင်းနှင့် လိမ်လည်မှုများအတွက် zero-tolerance ချဉ်းကပ်မှုဖြင့် လုပ်ဆောင်လျှက်ရှိသည်။

ချဥ်းကပ်ဆောင်ရွက်ချက်များ

IME International အတွက် Code of Conduct ထုတ်ပြန်ခဲ့ပြီး IME Group အတွက် Code of Conduct ထုတ်ပြန်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။

IME International စီးပွားရေးလုပ်ငန်းနှင့်သာ ကိုက်ညီမှုရှိသည့် ဥပမာအားဖြင့် မျှတမှုမရှိသော စီးပွားရေး လုပ်ဆောင်ချက်များ၊ တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းများ၊ အတိုးနှုန်းနှင့် ပတ်သက်သည့် အငြင်းပွားဖွယ်ရာများအား ကာကွယ်နိုင်ရန်အချက်များ ပါဝင်သည့်အတွက် ယခုထုတ်ပြန်ထားသော Code of Conduct အား IME International ၏ ဝန်ထမ်းများသည် အဓိကလိုက်နာရန် လိုအပ်ပါသည်။ ဝန်ထမ်းများအားလုံးသည် အဆိုပါ Code of Conduct မိတ္တူကို လက်ခံရရှိပါသည်။

IME Group အနေဖြင့် သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များနှင့် စည်းကမ်းဖောက်ဖျက်မှု ပေါ်ပေါက်နိုင်ခြေများအား တိုင်ကြားခြင်းကို လွယ်ကူချောမွေ့စွာလုပ်ဆောင်နိုင်ရန် whistleblowing policy အား လက်ခံကျင့်သုံးလျှက်ရှိပါသည်။ Audit, Risk and Compliance ဌာနအနေဖြင့် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များအား တာဝန်ယူဆောင်ရွက်လျှက် ရှိပါသည်။

  • တိုင်ကြားချက်များအား စီစစ်၍ စစ်ဆေးဆောင်ရွက်ရန်၊
  • အဆိုပါကိစ္စရပ်များနှင့်ပတ်သက်သည့် ဌာန၏လုပ်ဆောင်ချက်များအား Executive Management Board Committee အဖွဲ့သို့ ၄လ တစ်ကြိမ်တင်ပြရန်၊

ကုမ္ပဏီ၏ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများကိုဖြစ်စေ၊ ကုမ္ပဏီ၏ Code of Conduct ကိုဖြစ်စေ ချိုးဖောက်မှုများအား ဥက္ကဋ္ဌ (သို့မဟုတ်) ARC ဌာနသို့  ကုမ္ပဏီ၏ contact form ကိုအသုံးပြု၍ တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေး ကြေငြာထားသည်။

ရလဒ်များ

  • IME International မှ ခန့်အပ်ထားသော ဝန်ထမ်းသစ်များအနေဖြင့် ကုမ္ပဏီ၏ Code of Conduct အား လက်ခံရရှိခဲ့သည်။
  • ယခင်နှစ်အတွင်း IME International မှ ဝန်ထမ်းတစ်ဦး Code of Conduct ချိုးဖောက်မှုရှိခဲ့ပြီး စာချုပ်ဖျက်သိမ်းခံခဲ့ရသည်။