IME ဖောင်ဒေးရှင်း

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် IME ဖောင်ဒေးရှင်းအား အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့သည်။ ဖောင်ဒေးရှင်းသည် သီးခြား‌စီမံအုပ်ချုပ်မှု၊ ဘဏ္ဍာရေးစနစ်များနှင့် လွတ်လပ်စွာ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၄င်း၏ အဓိကရန်ပုံငွေအများစုသည် IME Group ကုမ္ပဏီလီမိတက် မှရရှိပါသည်။

ဦးစားပေးလုပ်ဆောင်ချက်များနှင့် စီမံအုပ်ချုပ်မှု

IME ဖောင်‌ဒေးရှင်း၏ နာယကဖြစ်သူ‌ဒေါ်ဖုံစု၏ အားပေးလမ်းညွှန်မှုနှင့် IME Group  တည်ထောင်သူနှင့် Group’s CEO ဖြစ်သည့် ဉီးဇော်မြင့်ထူး၏ ခေါင်းဆောင်မှုဖြင့် IME ဖောင်ဒေးရှင်းသည် အောက်ဖော်ပြပါ လုပ်ငန်း(၃)ရပ်ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။

  • အခြေခံပညာရေး – ကျွနိုပ်တို့၏အနာဂတ် သာလွန်ကောင်းမွန်စေရေးအတွက် ငယ်ရွယ်သော မျိုးဆက်သစ် များအား ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ပေးရန်မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် IME ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သောထောက်ပံ့မှုများကို
    ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။
  • အဆင့်မြင့်‌ ပညာရေး – လူ့စွမ်းအားအရင်းအမြစ်သည် မြန်မာနိုင်ငံတိုးတက်ရေးအတွက် အဓိကကျသည်။ အရည်အချင်းရှိသောကျောင်းသား၊ ကျောင်းသူအချို့သည် တက္ကသိုလ်တက်ရန် ငွေကြေးအခက်အခဲများရှိပါသည်။ ထို့ကြောင့် IME ဖောင်ဒေးရှင်းအနေဖြင့် ထူးချွန်၍ အရည်အချင်းရှိသောကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်‌ပထမနှစ်မှ တက္ကသိုလ် ‌ပြီးဆုံးဘွဲ့ရသည်အထိ လိုအပ်သောထောက်ပံ့မှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်။
  • သဘာဝဘေးအန္တရာယ်ဆိုင်ရာပျက်စီးမှုများမှပြန်လည်ထူထောင်ခြင်း – မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များမကြာခဏကျရောက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၄င်းသဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ပျက်ဆီးမှုများခံစားရသော ပြည်သူများသည် ၄င်းတို့၏ ကျေးရွာများ၊ လူမှုအဖွဲ့အစည်းများကို ပြန်လည်ထူထောင်ရန် ငွေကြေးအင်အားများ မတက်နိုင်ကြပါ။ သို့ဖြစ်၍ IME ဖောင်ဒေးရှင်းအနေဖြင့် အဆိုပါဘေးဒဏ်ခံစားရသူများ အတွက် ၄င်းတို့၏ ကျေးရွာများ၊ လူမှုအဖွဲ့အစည်းများ ၏ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ဖောင်ဒေးရှင်း၏ ရည်မှန်းချက်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်ပေးမည့် အုပ်ချုပ်ရေးဘုတ်အဖွဲ့

  • ဘုတ်အဖွဲ့အား IME Group ၏ တည်ထောင်သူ ဖြစ်သည့် ဦးဇော်မြင့်ထူးမှ ဦးဆောင် လျက်ရှိသည်။ ၄င်း၏အဓိကတာဝန်မှာ အခြားသော အဖွဲ့ဝင် ၁၄ ‌ယောက်အနေဖြင့် ၄င်းတို့၏ တာဝန်များအား အချိန်နှင့်တပြေးညီထိထိရောက်ရောက်လုပ်ဆောင်နိုင်ရေးအတွက် ကြီးကြပ် ပေးရန်ဖြစ်သည်။
  • ဘုတ်အဖွဲ့တွင် (အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ အရေးပေါ်ကူညီရေးနှင့် ကယ်ဆယ်ရေး၊ ဘဏ္ဍာရေး) ဟူ၍ ကော်မတီ ၄ခု ရှိသည်။ ကော်မတီတစ်ခုချင်းစီတွင် အဖွဲ့ဝင် ၃ဦးရှိပြီး ၄င်းတို့၏လုပ်ဆောင်ချက်များအား ဘုတ်အဖွဲ့သို့ ပြန်လည် တင်ပြရသည်။
ရလဒ်များ

IME ဖောင်ဒေးရှင်းသည် IME Group ၏ ရေရှည်တည်တံ့ခိုင်မြဲရေး ဆိုင်ရာ ကနဦးလုပ်ဆောင်ချက်များကို ပူးပေါင်း ဖြည့်စည်းလုပ်‌ဆောင်ပေးသွားမည်ဖြစ်သည်။

  • IME ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် ကျောင်းသူ/ကျောင်းသား ၆၀ ကျော်အား နှစ်စဉ် ပညာသင်ဆုများထောက်ပံ့ပေးရန် နားလည်မှုစာချွန်လွှာရေးထိုးထားပါသည်။ နှစ်စဉ် IME ဖောင်ဒေးရှင်းသည် မိဘမှ မထောက်ပံ့နိုင်သည့် ကျောင်းသူ/ကျောင်းသားသစ် ၁၅ဉီးကိုပညာသင်ဆုများပေးသွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်မှစတင်၍ IME ဖောင်ဒေးရှင်းသည် ကျောင်းသူ/ကျောင်းသားဦးရေ ၆၀ မှ ၇၀ဦး အား မြန်မာကျပ်သန်း၁၂၀ မှ သန်း၁၅၀ အား နှစ်စဉ်‌ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

အောက်ဖော်ပြပါ ဇယားအတိုင်း အမျိုးမျိုးသော ပညာဘာသာရပ်များမှ ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့သွားမည်ဖြစ်သည်။ ဖောင်ဒေးရှင်းအနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်တည်ဆောက်ရန် မြန်မာနိုင်ငံမှလိုအပ်လျက်ရှိသည့် အတတ်ပညာ၊ ကျွမ်းကျင်မှုများ ပိုမိုတိုးတက်လာစေရန်အတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။