One more milestone for IME International-mm

နောက်ဆုံးရသတင်းများ

IME Holdings Group

26 March 2020

IME International Co., L ရဲ့ ဂုဏ်ယူဖွယ်ရာမှတ်တိုင်တစ်ခု

တရုတ်နိုင်ငံရဲ့ နံပါတ်တစ်လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ ကမ္ဘာကျော် YTO အမှတ်တံဆိပ်ကနေချီးမြှင့်တဲ့ “ Best Performing Distributor of the year 2019” ဆုကို ထိုက်တန်စွာရရှိခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအနှံ့ ခန့်အပ်ထားတဲ့ YTO ရဲ့ဖြန့်ချိရေးကိုယ်စားလှယ်များစွာအနက် မြန်မာနိုင်ငံမှ ကျွန်တော်တို့ IME International Co., Ltd. က ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးစွမ်းဆောင်ရည်ဆုကို ချီးမြှင့်ခံရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။

အကျပ်အတည်းကာလများအကြား တက်ညီလက်ညီ မဆုတ်မနစ် ကြိုးစားခဲ့ကြတဲ့ IME ရဲဘော်များအား လေးစားစွာဂုဏ်ပြုအပ်ပါတယ်။