IME Group of Companies မိသားစု၏ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်

NEWS
IME -- (4th BONE KATHAIN)

နောက်ဆုံးရသတင်းများ

IME Holdings Group

13 November 2019

IME Group of Companies မိသားစု၏ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်

IME Group of Companies မိသားစု၏ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲအား ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုမ္မိတာ (၁)လမ်းရှိ ‘စတုဘုမ္မိကမဂ္ဂင်ရိပ်သာ’ ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်(၁၈)ပါးတို့အား ကထိန်လျာ ဆန်းမြတ်သကန်းနှင့်တကွ ပရိက္ခရာ(၈)ပါး၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း စသည် တို့ကိုပြုလုပ်ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။